မင်းပြားမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရန် အတွက် ကျန်းမာရေးအသိပညာပေး Mask Campaign ပြုလုပ်

မင်းပြား မတ် ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှု မရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask) များကို မဖြစ်မနေ တပ်ဆင် သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မင်းပြားမြို့မင်းဘာကြီးရပ်ကွက်ရှိ လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မင်းပြားမြို့၌ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်ဆောင်ရွက်မှုဖြင့် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ရှိ လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များအား အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) မပါရှိသူများအား ပါးစပ်နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေ ပေးခြင်းအား မြို့နယ် ကိုဗစ်-၁၉ အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးအောင်ရွှေဇံ ဦးဆောင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာ ပေးလက်ကမ်းစာစောင်များနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို ခရီးသွား ပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာ သူများ၊ လမ်းသွား လမ်းလာများနှင့် အငှားယာဉ်မောင်း နှင်သူများကို အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်း Mask မပါရှိသူများအား ပါးစပ်နှာခေါင်းစည်း (Mask ) အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းနုအောင်