မိုင်းယန်း မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေး က ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူတစ်ဦးချင်စီက စည်းကမ်းရှိစွာဖြင့် သတိရှိကြမည်ဆိုပါက ယာဉ်အန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုင်းယန်းမြို့နယ် ယာယီရဲတပ်ဖွဲ့မှူး စိုင်းမောင်ထွေးမှ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မောင်းနှင်းမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုများ၊ ယာဉ်မောင်းလိုင်စင် အမျိုးအစားများ၊ ယာဉ်တိုက်မှုဖြစ်ပွားပါက အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မနှင့် ပြစ်ဒဏ်များ၊ ယာဉ်အမျိုးအစားအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားဆောင်ရွက်ရန် သတ်မှတ်ချက်များကို ပြည်သူများအနေဖြင့် သိရှိစေရန် အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး