နောင်ချို မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉:၀၀)နာရီမှစ၍ နောင်ချိုမြို့ မဏိရတနာခန်းမ၌ ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီး (၆)လပြည့် ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းကောင်း၊ CoviShield ကာကွယ်ဆေးကို အသက်(၁၈)နှစ်ပြည့်ပြီး တစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသော ပြည်သူများကိုလည်းကောင်း ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။
နောင်ချိုမြို့နယ်အတွင်း ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ (၃၂၄၆၀) ဦးရှိပြီး ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်အတွင်းစုရပ် (၁၄) ခု၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါ ဝင်ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနမှသိရသည်။
ထွေးငယ်၊ ပြန်/ဆက်