ဆီဆိုင် မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကာလ ခြောက်လနှင့် အထက်ရှိသူ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ က မြကန်သာရပ်ကွက်ရှိ မြို့နယ်ခန်းမဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ Volunteer များမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဆီဆိုင်မြို့နယ်တွင် မတ်လ ၈ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ Covishield နှင့် Covaxin (Booster Dose) ထပ်ဆောင်း ကာကွယ်ဆေးများအား မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်အထက် ပြည်သူ(၈၀၄)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကာလ ခြောက်လနှင့် အထက်ရှိသူ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမည့် ပြည်သူများကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)