ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သင်္ဘောကျင်း (လွန်းလုပ်ငန်း)များအား မီးဘေးကြိုတင်ကာကွယ်ရေး  စစ်ဆေးဆောင်ရွက်

ဆိပ်ကြီးခနောင်တို မတ် ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သင်္ဘောကျင်း(လွန်းလုပ်ငန်း)များ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးကြပ်မတ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ အဆိုပါ လွန်းကျင်းများတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက သင်္ဘောလွန်းကျင်း လုပ်ငန်းရှင်များနှင့် အလုပ်သမားများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များ၊ လျှပ်စစ်ဝါယာ ကြိုးများနှင့် လျှပ်စစ်မီးတပ်ဆင်သုံးစွဲမှုအခြေအနေများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရမည့်အချက်များ၊ မီးသတ်ဆေးဘူးများအား သတ်မှတ်သက်တမ်းအလိုက် ထားရှိအသုံးပြုရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကိုစစ်ဆေး အကြံပြုပြောကြားပေးခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါသင်္ဘောလွန်းကျင်းများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝေယံ(IPRD)