ကလောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်

ကလော   မတ်  ၁၀

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ကလောမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ်နံနက် ၄ နာရီ မှ ည ၁၀ နာရီအချိန်ထိ ကလောမြို့နယ် အဝင်နန်းပန် တက်ဂိတ်၌ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်မောင်း/ ယာဉ်နောက်လိုက်နှင့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်း ကောက်ယူခြင်းနှင့် နှာခေါင်းစည်းမပါသော မိဘပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကျော်ဝင်း(ပြန်/ဆက်)