မိုင်းခတ်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

မိုင်းခတ်  မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ CommunityCentreခန်းမ၌မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)တို့ ပူးပေါင်း၍အသိပညာ‌ပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်အောင်က စာဖတ်ခြင်း၏ အကျိုးကျေး‌ဇူးများ၊ ဆရာမ‌ဒေါ်အိဖြိုးလှိုင်၊ဆရာမဒေါ်နန်းဆွတ်ခမ်းတို့က ကျောင်းသားကျောင်းသူများအ‌နေဖြင့် စာ‌မေးပွဲများ‌ဖြေဆိုပြီးပါက အားလပ်သည့်အချိန်၌ ပြည်သူ့စာကြည့်တိုက်တွင် မိမိဝါသနာ ပါရာပန်းချီဆွဲခြင်း၊‌ ဆေးရောင်ခြယ်ခြင်း၊ စာအုပ်စာ‌ပေများငှားရမ်းဖတ်ရှုကြစေလိုကြောင်း ပြောကြားကာမိုင်းခတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအားဒို့‌ကျေးရွာဂျာနယ်မှ" စာဖတ်ဝါ သနာပြုစုပျိုးထောင်ပါ"ဆောင်းပါးမှစာပိုဒ်အားစာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခြင်းနှင့် ဆေးရောင် ခြယ်ပြိုင်ပွဲ ကျင်းပပြီးဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)မှဒုတိယတန်းကျောင်းသား၊ ကျောင်းသူ(၂၇)ဦးပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအပြီးတွင်ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဓာတ်ပုံပြပွဲ‌များအားစိတ်ပါဝင်စားစွာကြည့်ရှု‌ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)