နောင်တရား မတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အာထရာဆောင်းတပ်ဆင်ရန်နှင့် ဆေးရုံဝန်းအုတ်တံတိုင်း ကာရန်အတွက် နောင်တရားမြို့ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းလှူဒါန်းသည့် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းသည်။
နောင်တရားမြို့အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နောင်တရားနယ်မြေရဲစခန်း၊ လမ်းဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန နောင်တရား၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆက်သွယ်ရေး ဖုန်း နောင်တရား၊ သစ်တောဦးစီးဌာန တီကျစ်၊ ဆက်သွယ်ရေးစာတိုက် နောင်တရား၊ ပညာရေးဝန်ကြီးဌာန တီကျစ်၊ မျိုးသန့်ခြံ တီကျစ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် လျှပ်စစ်ဓါတ် အားပေးလုပ်ငန်း တီကျစ်တို့မှ ဝန်ထမ်းများ စုပေါင်းထည့်ဝင် လှူဒါန်းသည့် အလှူငွေကျပ် (၁၇၀၅၀၀၀) တိတိကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း က ပေးအပ်လှူဒါန်းပြီး နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာပလပ်တီနမ်နှင့် ဆေးရုံကော်မတီတစ်ဦးတို့က လက်ခံရယူခဲ့သည်။
အလှူငွေပေးအပ်ခြင်း အခမ်းအနား၌ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်နေသည့် အာထရာဆောင်းတပ်ဆင်ရန်နှင့် ဆေးရုံဝန်းအုတ်တံတိုင်းကာရန်အတွက် တိုက်နယ်ပြည်သူ့ဆေးရုံ ကော်မတီဝင်များ နောင်တရားမြို့ ရပ်မိရပ်ဖများနှင့် ဆေးနွေးတိုင်ပင် ကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)