ကျောက်မဲ မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၁၈ နှစ်ပြည့်ပြည်သူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို မြို့ကျက်သရေဆောင်ခန်းမတွင် နေ့စဉ် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူပေါင်း ၁၀၉၈၂၆ ဦးရှိပြီး ၎င်းတို့အနက် မတ်လ ၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၇၅၆၉ ဦးရှိပြီးဖြစ်ရာ ကျောက်မဲမြို့နယ်အနေဖြင့် ကာကွယ်ဆေး လွမ်းခြုံမှု ၅၂ ဒဿမ ၄၁ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသက် ၅၅ နှစ်အထက် ဝန်ထမ်းများကိုလည်း Booster အဖြစ် ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)