ဆိပ်ကြီးခနောင်တို မတ် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း လုံခြုံရေးနှင့် မြို့နယ်အတွင်း မောင်းနှင်သွားလာလျက်ရှိသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ရေးစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၃ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ ကျောင်းခုံးတံတားအဆင်းလမ်းဆုံတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မောင်းနှင်သွားလာလျက်ရှိသည် ကား၊ ဆိုင်ကယ်များအား ရပ်တန့်စေပြီး ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်အထောက်အထားများ စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများအနေဖြင့် ခရီးသည်တစ်ဦးထက် ပိုမိုတင်ဆောင်မောင်းနှင်ခြင်းမပြုရေး၊ ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ မြို့နယ်အတွင်း သတ်မှတ်အရှိန်နှုန်းဖြင့်သာ မောင်းနှင်ရေး၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန်ပါရှိရေးနှင့် ယာဉ်အန္တရာယ်မဖြစ်စေရန် ဂရုစိုက်မောင်းနှင်ရေးတို့ကို ကြပ်မတ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝေယံ(IPRD)