ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အရှိန်အဟုန်မြင့် Mask Campaign ပြုလုပ်

ဘူးသီးတောင် မတ် ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က လူစည်ကား ရာနေရာများဖြစ်သည့် မြို့မ စည်ပင်သာယာစျေးရှေ့၌စျေးရောင်း/ စျေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ဝန်ထမ်းများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူစုလူဝေးနှင့် လူထူထပ်သော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ ဈေးရောင်း/ ဈေးဝယ် သူများအနေဖြင့် (Mask) တပ်ဆင်၍ ဈေးရောင်း၊ စျေးဝယ်ပြုလုပ်ကြရန်တို့ကို အသိပညာပေး ဟောပြောခဲပြီး နှာခေါင်းစည်း  Mask ( ၁၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှကျော် ပြန်/ ဆက်