ဒဂုံအရှေ့ မတ် ၁၀
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို လာမည့်မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၈၀၉ ဦး ဝင်ရောက်ဖြေဆို သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနအဖြစ် အ.ထ.က(၂)၊ အ.ထ.က-၊၅ စသည်ဖြင့် စာစစ်ဌာန(၂)ခု သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းတွင်းဖြေနှင့် ပြင်ပဖြေဆိုမည်ကျောင်းသား/သူ စုစုပေါင်း (၈၀၉) ဦးတို့မှ သက်ဆိုင်ရာဘာသာတွဲအလိုက် ဝင်ရောက် ဖြေဆိုသွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)