ကွမ်းခြံကုန်းမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များ စစ်ဆေးအရေးယူမှု နေ့စဉ်ဆောင်ရွက်

ကွမ်းခြံကုန်း မတ်လ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း အဝေးပြေးလမ်းမပေါ် သွားလာနေကြသည့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေး ဖမ်းဆီးအရေးယူခြင်းကို ယမန်နေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများပူးပေါင်းကာ ကွမ်းခြံကုန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီးတစ်လျောက် ကားလမ်းမကြီးပေါ်၌ စစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုပ်ဆောင်မှုနှင့် သတ်မှတ်ထားသည့် အချက်အလက်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)