မိုးမိတ် မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများကောင်းမွန်စေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျှက်ရှိရာ လက်ခုပ်တန်းရပ်ကွက်ရှိ ရေကန်လမ်းအား မြေသားလမ်းအဖြစ်မှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်ဆောင်ရွက်နေမှုအား မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးတင်ရှိန် တို့က စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီး နိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် ကတ္တရာလမ်းဖြစ်ပြီး အရှည် ၄၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ရှိကာ ၂၀၂၁ - ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေကျပ် ( ၅၈၄၀၀၀၀ ) ဖြင့် ဆောင်ရွက်ခဲ့ပြီး ဒေသခံမိဘပြည်သူများ ရာသီသွားလာရလွယ်ကူစေရေန်အတွက် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးမိတ်သား