ရန်ကုန်တိုင်း​ဒေသကြီး က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ​ကော်မတီနှင့် အမျိုးသမီး​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

မရမ်းကုန်း မတ် ၁၀

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာ​အေးဘုရား လမ်းရှိ ရန်ကုန်တိုင်း​ဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအ​ဝေးခန်းမ၌ ယမန်​နေ့နံနက် ၁၁းဝဝနာရီအချိန်က ရန်ကုန်တိုင်း​ဒေသကြီး က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ​ကော်မတီနှင့် အမျိုးသမီး​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင် ရန်ကုန်တိုင်း​ဒေသကြီး က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ​ကော်မတီနှင့် အမျိုးသမီး​ကော်မတီဥက္ကဋ္ဌ လူမှု​ရေးရာဝန်ကြီး ဦး​အောင်ဝင်းသိန်းက ကော်မတီ(၂) ရပ်လုံးတွင်ပါဝင်သည့် အဖွဲ့များအ​နေဖြင့် လုပ်ငန်းများအားလုံး​ပေါင်းစပ်​ဆောင်ရွက်ကြ​စေလို​​​ကြောင်း၊​ ကော်မတီများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်​နေ​​ပါ​​ကြောင်း၊ အသိပညာ​ပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်​ဆောင်ရွက်နိုင်ပါက ကြိုတင်ကာကွယ်ရာ​ရောက်ပါ​ကြောင်း၊ က​လေးသူငယ်ကိစ္စရပ်များနှင့် အမျိုးသမီးကိစ္စရပ်များဖြစ်​ပေါ်လာပါက ဝိုင်းဝန်းကူညီ​ဆောင်ရွက်ကြရန်လို​ပါကြောင်း စသည်ဖြင့်ဆွေး​နွေး​ပြောကြားခဲ့သည်။

ဆက်လက်ပြီး ​​ကော်မတီ()ရပ်၏အတွင်း​ရေးမှူး ရန်ကုန်တိုင်း​ဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြား​ရေးမှူးဒေါက်တာ​ကေသီ​ကျော်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး​ကော်မတီနှင့် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာကော်မတီ၏ အစည်းအ​ဝေးဆုံးဖြတ်ချက်များအနက် ရန်ကုန်တိုင်း​ဒေသကြီးနှင့် သက်ဆိုင်​သောအချက်များနှင့် ​ရှေးလုပ်ငန်းစဉ်များအား ရှင်းလင်း​ဆွေး​နွေးတင်ပြခဲ့သည်။

ထို့​နောက် အစည်းအ​ဝေးသို့ တက်​ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ကဏ္ဍအလိုက်​ဆောင်ရွက်​နေမှုများကို ရှင်းလင်း​ဆွေး​နွေးခြင်းနှင့် ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဥပ​ဒေချုပ် ဦး​ဌေး​အောင်မှ အကြံပြုစကားများ​ ပြန်လည်ပြောကြားခဲ့​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)