ရေး မတ် ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၁၁၂၉)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရေးမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန (၃)ခု ဖွင့်လှစ်ထားရှိပြီး အထက(၁) ရေး စာစစ်ဌာနတွင်(၆၆၇)ဦး၊ အထက အစင် စာစစ်ဌာနတွင် (၈၉)ဦး၊ အထက လမိုင်းစာ စစ်ဌာနတွင် (၃၇၃)ဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ၎င်းတို့ထဲမှ ကျောင်းတွင်း ဖြေဆိုသူ(၈၂၉)ဦးနှင့် အပြင်ဖြေ(၃၀၀)ဦးတို့မှဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။ ကျောင်းပြင်ပ ဖြေဆိုသူများထဲတွင် မွန်အမျိုးသား အထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများလည်း ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
ရေးမြို့နယ်အတွင်း၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း(၁၈) ကျောင်းနှင့် အထက(ခွဲ) (၇) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၁၂၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်