အလုံစျေး၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုးကြိုတင် ကာကွယ်နိုင်ငံရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း( Mask) များဖြန့်ဝေခြင်း ဆောင်ရွက်

အလုံ    မတ်  ၁၀

စျေးရောင်းချသူများနှင့် စျေးဝယ်သူများ  ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းကို  ယမန်နေ့  နံနက်ပိုင်းက အလုံစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ အလုံစျေးတာဝန်ခံရုံးမှ တာဝန်ရှိသူများက    ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုးကူးစက်မှုမှ ကင်းဝေးစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်တိုင်း Mask စနစ်တကျတပ်ဆင်၍ အပြင်သွားလာစေရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် ဆေးကြောရန်၊ စျေးဆိုင်များအား သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချရန်၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း စနစ်တကျတပ်ဆင်ပြီးမှ   ဝယ်ယူရောင်းချ ကြရန်စသည်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့်  ပါးစပ်၊  နှာခေါင်းစည်း  (Mask) များဖြန့်ဝေခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်အတွင်းရှိ စျေးများတွင် အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ၅ ရက်လျှင် တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)