မံစီမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ

မံစီ မတ် ၉

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ မတ် ၈ ရက် မွန်းလွဲ ၂ နာရီက  (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များက တပ်မတော်နေ့အကြောင်းကို သိရှိစေရန်၊ အတွေးအခေါ်ဉာဏ်ရည်ဉာဏ်သွေးများ မြှင့်မားလာစေရန်နှင့် စာကြည့်တိုက်ကိုပိုမို အသုံးချ တတ်လာပြီး အသိပညာဗဟုသုတများ မြင့်မားလာစေရန်ရည်ရွယ်၍  ကျင်းပရခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မံစီမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅)ဦးက တပ်မတော်နေ့နှင့် သက်ဆိုင်သည့် မိမိတို့နှစ်သက်ရာ ခေါင်းစဉ် များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဆုများ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား ကျောင်းသူများအားလုံးကိုလည်း အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)