ရေးမြို့နယ် အမှတ်(၂)အ​ခြေခံပညာ​​အထက်တန်း​ကျောင်း၌ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲဆောင်ရွက်

​ရေး  ​မတ် ၉

မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊ ​ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် အမှိုက်များစနစ်တကျစွန့်ပစ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများကို ယမန်​နေ့ ​နေ့လယ် ၂ နာရီအချိန်က အမှတ်(၂) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ​ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ​ဟော​ပြောပွဲတွင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်​ပေး)ဒေါ်ခင်သိမ့်သိမ့်ရည်က ပတ်ဝန်းကျင်၏ အဓိပ္ပါယ် (၃)မျိုး၊ ပတ်ဝန်းကျင်၏ အကျိုး​ကျေးဇူး များ၊ ပတ်ဝန်းကျင်ညစ်ညမ်း မှုဆိုင်ရာအကြောင်း၊ပတ်ဝန်းကျင်ညစ်ညမ်းမှု အမျိုးအစားများ​အကြောင်း၊  ပလတ်စတစ်ညစ်ညမ်းမှုနှင့်ဆိုးကျိုးများ အကြောင်း၊ အဖြူ​ရောင်အန္တရာယ်ဟု​ခေါ်သည့် ပလတ်စတစ် အိတ်များကို ​သသုံးစွဲမှုလျော့နည်းစေရေးနည်းလမ်း(၅)ခုမှ အသုံးပြုမှုအား ​လျော့ချခြင်း၊ ပြန်လည် အသုံးပြုခြင်း၊ ပြန်လည်တီထွင်အသုံးပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ပြန်လည်ပို့ဆောင်ခြင်းအကြောင်းများနှင့် ပတ်ဝန်ကျင်သန့်ရှင်းသာယာလှပမှသာ လူသားတို့ အသက်ရှည်ကျန်းမာမည်ဖြစ်​ကြောင်းကို ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်အသိပညာ​ပေးဟောပြောခဲ့ကြောင်း သိရသည်။ ​

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်