ပုဗ္ဗသီရိ မတ် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ရန်ပုံငွေစီမံကိန်း တတိယအကြိမ်လည်ပတ်ရန်ပုံငွေ ထုတ်ချေး ပေးခြင်းကို အေးမြင့်သာယာ ကျေးရွာအုပ်စု တံတားဦးကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်း ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန္ဒာဝင်းက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက် နေလျက် ရှိပါကြောင်းနှင့် စီမံကိန်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ် ဦးစီးမှူး ဒေါ်ခင်စန္ဒာဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာအတွင်းရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ (၇)ဦးအား ရန်ပုံငွေကျပ် (၂၁ဒဿမ၅)ကျပ်သန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၁၃)ဦးအား ရန်ပုံငွေကျပ် (၄ဒဿမ၈)ကျပ်သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၄၃)ဦးအား ရန်ပုံငွေကျပ် (၈ဒဿမ၆)ကျပ်သန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ(၆၁)ဦးအတွက် ငွေကျပ် (၁၆ဒဿမ ၇၅)ကျပ်သန်း စုစုပေါင်း လုပ်ငန်းလုပ်ကိုင်သူ(၁၂၄) ဦးအတွက် စုစုပေါင်းရန်ပုံ ငွေကျပ် (၃၂ဒဿမ၃)ကျပ်သန်းအား ကိုဗစ်-၁၉ရောဂါ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)