ကော့မှူး မတ် ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ ယနေ့နံနက် ၉နာရီက မြို့သစ်ရပ်ကွက် အ.ထ.က ကော့မှူးကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များက အသက် ၁၆နှစ်နှင့် ၁၈နှစ်ကြား ကျောင်းသား ၅၇ဦး၊ ကျောင်းသူ ၅၂ဦး၊ စုစုပေါင်း ၁၀၉ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူက နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ခြင်း အကျိုးကျေးဇူးနှင့် အသုံးဝင်ပုံ ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများကို ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးပတ်ပြား ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝ အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ