ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်အတွင်း ထိုင်းငါးခုံးမသားပေါက်ကောင်ရေ ၄ သိန်း စိုက်ထည့်

ဇေယျာသီရိ မတ် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနက ဇေယျာသီရိမြို့နယ်အတွင်းရှိ ပေါင်းလောင်းမြစ်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ အုပ်စု၊ ကျည်တောင်ကျေးရွာ ပေါင်းလောင်းမြစ်ကမ်း၌ ကျင်းပခဲ့သည်။

နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်  ပြည်ထောင်စုနယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများတိုးပွားလာရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ရှိနေစေရေး၊ ဒေသခံ ပြည်သူများ ငါးစားသုံးမှု ပိုမိုတိုးမြင့်လာစေရေးနှင့် ငါးမွေးမြူထုတ်လုပ်မှု တိုးတက်လာ စေရေးကိုမျှော်မှန်း၍ ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ရာ နေပြည်တော်ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေး၊ ရေဆင်းငါးလုပ်ငန်းစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးပိုင်၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်မြို့နယ် များမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက ထိုင်းငါးခုံးမ သားပေါက် ကောင်ရေ ၄ သိန်းကို ပေါင်းလောင်းမြစ်အတွင်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)