မိုးကောင်း မတ်လ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ၌ စာရေးဆရာပီတိ(ပေကြီး)ရေးသားသည့် ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိအခြေခံသိစရာများ စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်ခန့်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဖြိုးဖြိုးကြိုင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းပြီး မြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်က ပြည်သူ့နီတိစာအုပ်ပါ ပြည်သူနီတိကိုဘာကြောင့်လိုက်နာ ကျင့်သုံးသင့်တာလဲ၊ ဘယ်ခေတ်အခါက ပြည်သူ့နီတိ ပေါ်ပေါက်ခဲ့တာလဲ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ယဉ်ကျေးပါ။ အပြန်အလှန်လေးစားပါ။ ရိုင်းပင်းကူညီပါ ခေါင်းစဉ်များကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်က တာဝန်သိပါ၊ တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ၊ တန်ဖိုးထားပါ၊ သင်ယူပါ၊ ကြိုးစားပါ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အေးအေးအောင်သူက နိုင်ငံတော် အလံအလေးပြုပါ၊ သတ္တိရှိရှိနေထိုင်ပါ၊ တောင်းပန်တတ်သည့်အကျင့်မွေးပါ၊ ပတ်ဝန်းကျင် အလှတရားကိုထိန်းသိမ်းပါ ခေါင်းစဉ်များကိုလည်းကောင်း အသီးသီး ဆွေးနွေးဖတ်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်စာစောင်များ၊ အိုမီခရွန်ကူးစက်ရောဂါ အသိပညာပေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များပါဝင်သည့် နံရံကပ်စာစောင်တို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး