လယ်ဝေးမြို့နယ်ရုံး Community Centre တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ကျင်းပ

လယ်ဝေး မတ် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ရှေးရှေးတုန်းက ထင်ရှားခဲ့သည့် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်များနှင့် သူတို့ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်မှုများ အကြောင်း၊ ယနေ့ခေတ် အမျိုးသမီးလေးများကို နိုင်ငံအတွက်အားထားရသည့် အမျိုးသမီးလေးများဖြစ်အောင် ဘယ်လို ဆောင်ရွက် သင့်ကြောင်း စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

နေဇော်ချစ်