သီပေါ မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို အပတ်စဉ်တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် မြို့လယ်ဓမ္မာရုံ ဆေးထိုး စုရပ်နေရာတွင် ကျန်းမာရေး ဝန်ထမ်းများကထိုးနှံပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့ အထိ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်း (၆၁.၃၁) ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသည့် ပြည်သူ(၆၇၁၅၁)ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးသည့် ပြည်သူ(၁၃၈၆၅)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံသည့် နိုင်ငံ့ဝန်ထမ်း (၇၁၂)ဦး၊ ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၈၁၇၂၈) ဦး၊ ထိုးနှံပြီးသည့် ရာခိုင်နှုန်း (၆၁.၃၁) ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း နှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ်ရက် များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီ မှသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)