ဆီဆိုင် မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ဦးစားပေး အစီ အစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွွယ်ဆေးထိုးနှံပြီးကာလ ခြောက်လနှင့် အထက်ရှိသူ နိုင်ငံ့ဝန်ထမ်းများအား Covishield နှင့် Covaxin ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်ရှိ မြို့နယ်ခန်းမဆောင်၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းများအား Covishield နှင့် Covaxin ထပ်ဆောင်း Booster Dose ကိုစနစ်တကျထိုးနှံပေးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီဆောင် ရွက်ပေးခဲ့ကြသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့် အဖွဲ့များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
မျိုးမြတ်(ဆီဆိုင်)