မိုးကောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster doses ဆက်လက်ထိုးနှံပေး

မိုးကောင်း      မတ်   

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ကိုဗစ်ကာကွယ်ဆေး Booster doses ထိုးနှံခြင်းကို မိုးကောင်းမြို့တော်ခန်းမ ဆေးထိုးစုရပ်၌ မတ်လ(၈)ရက် နံနက်(၉)နာရီခွဲတွင် ဆက်လက် ထိုးနှံခဲ့ကြောင်း သိရသည်။

ဆေးထိုးနှံပေးရာတွင် Sinopharm Booster ကို covishield ဆေးအမျိုးအစား တစ်လုံး(၁၁) ယောက်ထိုးဖြင့် (၁၈၇)ဦးကိုလည်းကောင်း၊ Covishield Booster ကိုcovaxin ဆေးအမျိုးအစား  တစ်လုံး(၁၀) ယောက်ထိုးဖြင့် (၁၂၀)ဦးကိုလည်းကောင်း၊ phase eight first doses ကို တစ်လုံး ၂ ယောက်ထိုးဖြင့် (၁၂၈)ဦးကိုလည်းကောင်း အသီးသီးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီး လိုအပ်ချက်များ ပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)