ဗန်းမော်မြို့တွင် မီးငြှိမ်းသတ်ခြင်းဆိုင်ရာသရုပ်ပြဆွေးနွေးပွဲကျင်းပ

ဗန်းမော် မတ်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ခြင်းဆိုင်ရာ သရုပ်ပြဆွေးနွေးပွဲကို မတ် ၈ ရက် မွန်းလွှဲ ၁ နာရီက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့  မီးငြှိမ်းသတ်ခြင်းဆိုင်ရာ သရုပ်ပြဆွေးနွေးပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစည်သူအောင်က ယခုအခါ နွေရာသီရောက်ရှိလာပြီဖြစ်၍ မိမိတို့ ပတ်ဝန်းကျင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးနည်းလမ်းများ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရန်ရှောင်ရန် အချက် များကို ဆွေးနွေးပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းသရုပ်ပြသ ဆောင်ရွက် ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာ အမျိုးသားလေကြောင်းရုံးမှ ဝန်ထမ်းများ၊ ဆိုလာမှန်ဆိုင်မှ အလုပ်သမားများတို့က တက်ရောက် ခဲ့ကြကာ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)