ဟိုပုံး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု နောင်စုံကျေးရွာတွင် မြေစိုက်သစ်ခွစိုက်ပျိုးဖြစ်ထွန်းကြောင်း သိရသည်။
ဟိုပုံးမြို့နယ် နောင်စုံကျေးရွာ မြေစိုက်သစ်ခွစိုက်ပျိုးတောင်သူ ဦးခွန်ချစ်ထွန်းပြောကြားရာတွင် "ရှေးလူကြီးများပြောကြားရာတွင်တော၊ တောင်သဘာဝကနေ အလိုအလျောက်ပေါက် ရောက်လာတာဖြစ်ပါတယ်။ နောက်ပိုင်းတွင် မြေမှာစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းတဲ့အတွက် မြေမှာ စိုက်ပျိုးရခြင်းဖြစ်ပါတယ်။ မြေစိုက်သစ်ခွကို စိုက်ပျိုးရာတွင် တစ်နှစ်အတွင်းဆို အပွင့်ပွင့်လာပြီ နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးရတာအဆင်ပြေပါတယ်၊ မြေစိုက်သစ်ခွကို စိုက်ပျိုးပြီးနောက် တပို့တွဲလတွင် အပွင့်ပွင့်ပြီဖြစ်ပါတယ်။ တပို့တွဲလကနေတခူးလအထိ အပွင့်ပွင့်မည်ဖြစ်ပြီး အပင်တစ် ပင်လျှင်ကျပ် (၁၀၀၀)ဈေးနှုန်းဖြင့် ရောင်းချရပါတယ်။ တစ်ခြားမြို့နယ်သို့မှာယူရာတွင် ကျပ် (၁၅၀၀) ဈေးနှုန်းရရှိပြီး မြေစိုက်သစ်ခွစိုက်ပျိုးပြီး တစ်နှစ်လျှင် (၁)ကြိမ်၊ (၂)ကြိမ် မြက်ပေါင်းသန့်ရှင်းရေးပြု လုပ်ရပါတယ်" ဟု ပြောကြားခဲ့သည်။
ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စု၊ နောင်စုံကျေးရွာတွင် ထွက်ရှိသော မြေစိုက်သစ်ခွများကို ဟိုပုံးဈေး၊ နမ့်ခုတ်ဈေး၊ ဘန်းယဉ်ဈေးတို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)