တောင်သာ မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် ခန်းမ၌ အပတ်စဉ်အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း(Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ ဘဝတွင်အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀ စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်မြင့်ကေခိုင်ကစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှု သည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) မှ အသင်းဝင်များဖြစ်သည့် ဦးဇော်မြင့်ဦးက ပျော်ရွှင်မှုအတွက် နည်းဗျူဟာသုံးပါ၊ ဦးရဲထက်အောင်က အမြဲတမ်း အနိုင်ရဖို့ မလိုအပ်ပါ ၊ ဦးကျော်မျိုးနိုင်က မိတ်ဆွေတိုးပွားအောင်လုပ်ဆောင်ပါ၊ ဒေါ်ဌေးဌေးဝင်းက သင့်ကိုယ်သင်ခြွင်းချက်မရှိ လက်ခံလိုက်စမ်းပါ၊ ဒေါ်သိမ့်သိမ့်အေးက သင်၏ဇာတိနွယ်ကို အမြဲသတိရပါ စသည့် စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့် ဘဝတွင်အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀ စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန်ရှင်းလင်းဆွေးနွေးကြကြောင်းသိရ သည်။
ကျော်မျိုးနိုင်(တောင်သာ)