သံဖြူဇရပ် မတ် ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်သူ(၁၁၁၆)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို သံဖြူဇရပ်မြို့နယ်အတွင်း စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁) စာစစ်ဌာန၌ (၂၈၆)ဦး၊ အ.ထ.က(၂) စာစစ်ဌာန၌ (၃၇၉)ဦး၊ အ.ထ.က (ကျုံကဒါတ်) စာစစ်ဌာန၌ (၂၁၃)ဦး၊ အ. ထ.က (ကျိုက္ခမီ) စာစစ်ဌာန၌ (၁၇၇)ဦး၊ အ ထ က (ကရုပ္ပိ) စာစစ်ဌာန၌ (၆၁)ဦး၊ စုစုပေါင်း စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၁၁၁၆)ဦး ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း သက်ဆိုင်ရာ စာစစ်ဌာနများတွင် မတ်(၃၁)ရက်နေ့မှစတင်ပြီး ဧပြီ(၉)ရက်နေ့ထိ ဘာသာရပ်များအလိုက် နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အေးအေးမွန်(ပြန်/ဆက်)