ကျောက်ဖြူ မတ် ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျောက်ဖြူမြို့ပေါ်ရပ် ကွက်များရှိ (၆)လမှ (၅)နှစ်ထိကလေးငယ်များအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ မွေးကင်းစမှ အသက်(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသည့် ကာကွယ်ဆေး များထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးအား(၇-၃-၂၀၂၂)ရက်နေ့မှ စတင်၍ သတ်မှတ်ရပ်ကွက်များ အလိုက် ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် အနောက်ပိုင်းရပ်ကွက်၊ ကုလားဘာ တောင်ရပ်ကွက်၊ အရာရှိရပ်ကွက်များရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ဆက်လက်ထိုးနှံပေးလျက်ရှိကာ (၇-၂၀၂၂) ရက်နေ့မှ (၁၂-၃-၂၀၂၂)ရက်နေ့ထိ (၆)ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)