မန္တလေး မတ် ၈
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၆လမ်းဆုံနှင့် ကမ်းနားလမ်း၊ ၂၆လမ်းဆုံတို့တွင် ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်ယာဉ်များ နှင့်လိုင်စင်မဲ့ယာဉ်များအား စစ်ဆေးအရေးယူခြင်းများကို ဆောင်ရွက်ကြသည်။
ယာဉ်စည်းကမ်းလိုက်နာမှု ပိုမိုကောင်းမွန်ပြီး ယာဉ်မတော်တဆမှုများလျော့နည်း ပပျောက်စေရန်နှင့်ယာဉ်သွားလာမှုပိုမိုလွယ်ကူစေရန်အတွက် ယာဉ် စည်း ကမ်း လမ်းစည်းကမ်း စစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာမှ ဝန်ထမ်းများ၊ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်း ကော်မတီမှ ဝန်ထထမ်းများ၊ အမှတ်(၁၆၁)တပ်ထိန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ ဖြင့် စည်းကမ်းဖောက်ဖျက်မှုများဖြစ်သော ယာဉ်မောင်းလိုင်စင်မပါရှိခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ ယာဉ်လိုင်စင်မပါရှိခြင်း၊ နှစ်ဦးထက်ပိုမိုစီးနင်းခြင်း၊ ဆူညံအိပ်ဇောတပ် မောင်းနင်းခြင်းတို့ကို ပြစ်မှုပြစ်ဒဏ်အလိုက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် မောင်းနင်းရာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူ ၁၄ ဦး၊ ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်မပါသိရ သည်။
မြင့်မော်ထွန်း