လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD)  ဆက်လက်ထိုးနှံပေး

လှိုင်သာယာ(အနောက်ပိုင်း) မတ်လ  ၈

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် ကျန်ရှိနေသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (COVISHIELD)ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှစ၍ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်‌များ၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD)ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ် ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုကဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်၉နာရီမှ ၃ နာရီ အချိန်ထိ အသက်(၁၈)နှစ် နှင့်အထက် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား  ကိုဗစ်-၁၉ကာကွယ်ဆေး (COVISHIELD) ထိုးနှံသူ ပြည်သူ (၄၈၉ ) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေး အသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ (ပြန်/ဆက်)