မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှထုတ်လုပ်သော Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မင်္ဂလာဒုံ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါလျော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ အား ရုရှားနိုင်ငံမှထုတ်လုပ်သော Sputnik light ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော ပြည်သူများအား ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အဆိုပါ Sputnik light ကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ထောက်ကြန့် ကိုဗစ်စင်တာတို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ကာကွယ်ဆေးလုံးဝမထိုးနှံရ သေးသောအသက်(၁၈) နှစ်နှင့်အထက်အမျိုးသား(၂၈၀)ဦး၊ အမျိုးသမီး(၃၀၃)ဦး စုစုပေါင်း (၅၈၃)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)