ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်တွင် သောက်သုံးရေကန်အသစ်တူးဖော်

ကျောက်တန်း မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်သစ် ဓမ္မာရုံလမ်းနှင့် ပိတောက်လမ်းအကြားရှိ  အလျားပေ(၄၀၀) x အနံပေ(၁၀၀) အကျယ်အဝန်းရှိသော အောင်ဇမ္ဗူသောက်သုံးရေကန်အား ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်များက (၂-၁-၂၀၂၂)မှစတင်၍ တူးဖော်ဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။

အဆိုပါစံချိန်မီ ကွက်သစ်နေပြည်သူများသည် ဆင်ကန်နှင့် စံချိန်မီကန်ကြီးများမှ ရေကို မှိခိုအားထားသောက်သုံးနေကြရပြီး မိုးခေါင်သောနှစ်များတွင် သောက်သုံးရေပြတ်လပ်ပြီး ဝယ်ယူသုံးစွဲရသည်အထိ ရေအခက်အခဲကြုံတွေ့ရပါသည်။

ထိုသောက်သုံးရေကန်ပြီးစီးပါက အနီးပတ်ဝန်းကျင်ရှိ ကျောင်း၊ အဆောက်အဦ၊ လူနေအိမ်များ သောက်သုံးရေရရှိမှာဖြစ်ပြီး ‌နွေရာသီရေအခက်အခဲကြုံတွေ့မှုမှလည်း အဆင်ပြေကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)