ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆီဆိုင်မြို့နယ်ရှိ ဘုန်းတော်ကြီးသို့ ဆွမ်းဆန်တော်များ လှူဒါန်း

ဆီဆိုင်    မတ် ၇      

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။       

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ ဟိုခဲရပ်ကွက်ရှိ ဉတ္တရာရုံကျောင်းတိုက်သို့ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်သိုက် ဝင်းနှင့်ဝန်ထမ်းများ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောင်မောင်ဗွေနှင့် ဝန်ထမ်းများကသွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)