မောင်တော မတ် ၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော် ခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက် များအတွင်း နှိုးဆော် ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မျိုးကျော် ဦးဆောင်၍ တပ်ဖွဲ့ ဝင်များက ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ပါသဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထား သော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက် ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ် ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ အတွင်း အသိပေးလိုက်လံ နှိုးဆော်ခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)