ကျိုက်မရောမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ Mask Campaign ပြုလုပ်

ကျိုက်မရော မတ် ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ mask campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကော့တာလမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြပြီး နေအိမ်ပြင်ပ ထွက်ခွာသူတိုင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးနေရာ များသို့ သွားလာခြင်းမှ ရှောင်ရှားကြရန်၊ အပြင်မှ ပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ စသည့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ရှင်းလင်းကာ နှာခေါင်းစည်း Mask များနှင့် ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

ကျိုက်မရော၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများရှိလာသဖြင့် ပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)