သင်္ဃန်းကျွန်း မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ လမ်းမကြီးများနှင့် လမ်းဆုံများ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaing အခမဲ့ဖြန့် ဝေခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက် ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaing အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များပူးပေါင်းကာ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့်အညီ မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အပြင် ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများ၊ ခရီးသွား ပြည်သူများကို မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာစေခြင်း၊ ပါးစပ်နှင့်နှာခေါင်း စည်း(Mask) မပါရှိသော လမ်းသွား လမ်းလာနှင့် ခရီးသွားပြည်သူများအား ပါးစပ်နှာခေါင်းစည်း (Mask)ခုရေ (၅၀၀)ကျော် အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး