ရွှေပြည်သာ ဩဂုတ် ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်ချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချရန်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ရန် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း၌ ထန်းခြောက်ပင် ပတ္တမြားဈေးနှင့် ဇီးကုန်းဈေးတို့တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ခြင်းကို ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇံနှင့် ကော်မတီဝင်များ၊ စည်ပင် သာယာရေး ဝန်ထမ်းများက လက်ကိုင်စပီကာများဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ချက်များကို အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)