ဇမ္ဗူသီရိ မတ် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၃၀၃)ဦး ဝင်ရောက်ဖြေဆို သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၁၅၅) ဦးနှင့် ပြင်ပမှဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၁၄၈) ဦး၊ စုစုပေါင်း (၂၃၀၃)ဦးတို့က လျှောက်လွှာ(ဖောင်)များ တင်ထားပြီး ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။
ဇမ္ဗူသီရိမြို့နယ်တွင် မတ်လ(၃၁)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၅)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆေးရုံဖြေ စာစစ်ဌာနအနေဖြင့် ခုတင်(၁၀၀၀) ဆေးရုံကို စီစဉ်ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)