ဒဂုံဆိပ်ကမ်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၀)ရပ်ကွက်၊ စွယ်တော်(၂) လမ်းရှိ ကျူးကျော်အိမ်တန်းတွင် ယနေ့ ညနေ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ Level 1 အုပ်စုမီးသတ်ယာဉ်များထွက်ခွာ၍ ၃ နာရီ ၂၀ မိနစ် အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး ၃နာရီ ၂၈ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုတွင် ကျူးကျော် လူနေအိမ် (၃၈)လုံးခန့် မီးလောင်ကျွမ်းခဲ့ပြီး (၄)ဦး ခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဒဏ်ရာရ သူများအား မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ရှေးဦးပြုစုပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးများပူး ပေါင်း၍အမှတ် (၆၀)ရပ်ကွက်၊ ဗုဒ္ဓရောင်ခြည် ဓမ္မာရုံနှင့်ကန်ပတ်လမ်း ဓမ္မာရုံတို့တွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ် ပေးထား ကြောင်း သိရသည်။
ဖြိုးစန္ဒာကျော်