ကျောက်တော် မတ် ၅
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ မီးဘေးကြိုတင်တားဆီးရေးကော်မတီ၏ ကြီး ကြပ်ဆောင်ရွက်မှုဖြင့် မြို့မဈေးကြီးမီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးကွင်း ဆင်းစစ်ဆေး ခြင်းဆက်လက်၍ ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမင်းနိုင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကျောက်တော်မြို့ရှိ မြို့နယ်စည်ပင် သာယာရေး ဈေးကြီးအတွင်း ဖွင့်လှစ်ရောင်းချနေသော ဈေးသည်များအနေဖြင့် မိမိတို့၏ ဈေး ဆိုင်ခန်းများအတွင်း၌ လျှပ်စစ်မီးသုံးစွဲမှုမရှိစေရေး၊ လျှပ်စစ်ဝါယာလျှော့ကြောင်းမီးလောင်း မဖြစ်ပေါ်စေရေးတို့အား အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြို့တစ်မြို့၊ ရွာတစ်ရွာ တွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးအတွက် အဓီကအားထား နေရသည်မှာ မြို့ရွာတိုင်းရှိ ဈေးများပင်ဖြစ်ပါကြောင်း၊ အဆိုပါဈေးများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဈေးရောင်း ချသူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယခု ကဲသို့ ကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဈေးသူ/ဈေးသားများအနေဖြင့် ပွင့်လင်းရာ သီသို့ရောက်ရှိလာပြီဖြစ်ရာ မီးကိုပိုမိုဂရုပြုသုံးစွဲ ကြရန်လိုအပ်ကြောင်းပြောကြားပြီး မီးသတ် တပ်ဖွဲ့ဝင်များမှ မြို့မဈေးတာဝန်ခံရုံးမှ ဈေးတာဝန်ခံ နှင့်ရုံးအဖွဲ့ဝင်များက မြို့မ ဈေးကြီး အတွင်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ အထည် အလိပ်ပစ္စည်းအရောင်း ဆိုင်များ၊ အလှပြင် ဆိုင်များနှင့်ထင်း၊မီးသွေးမီးဖိုသုံးစွဲရောင်းချသော ဈေးဆိုင်များသို့ သွားရောက်ပြီး မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခြင်း ကွင်းဆင်းဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခင်မေင်ထွန်း(ကျေက်တော်၊ ပြန်/ဆက်)