ကျိုက်မရောမြို့နယ်တွင် လူစည်ကားရာ နေရာများ၌ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး

ကျိုက်မရော   မတ် ၅

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိူးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်မှုနှုန်း လျော့ချရေးတို့အတွက် မြို့နယ်မြေစာရင်း ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ လမ်းသွား လမ်းလာ ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသည့် သူများအား နှာခေါင်းစည်း mask တပ်ဆင်ရေး အသိပညာပေး၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို မတ်လ ၄ရက် နံနက်၈နာရီမှ စတင်ကာ မြို့အဝင် စက်လမ်းဝ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ နှာခေါင်းစည်း mask များ ဖြန့်ဝေပေးရာတွင် မြို့နယ်​လမ်းဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကနံနက်ပိုင်း
ကျောင်းသွားကြမည့် ကျောင်းသား ကျောင်းသူများ၊ စျေးသွားစျေးလာ ပြည်သူများနှင့် ခရီးသွား ပြည်သူများထဲမှ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများကို နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးကာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)