ညောင်ရွှေ ဩဂုတ် ၂၈
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်နစ်နာခဲ့သည့် ငါးမွေးမြူရေးတောင်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ (CERP) စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်အရ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်ရွှေမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသား ပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန် က ညောင်ရွှေမြို့ နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနန၊ ခေတ္တပြည်နယ် ဦးစီးဌာနမှူး ဦးကျော်သီဟထွေး က (CERP) အစီအစဉ်အရ ငါးသားပေါက်များ ပံ့ပိုးပေးအပ်ရခြင်း အကြောင်းအ ရင်းကို ရှင်းလင်းပြောကြားပြီး ဒေသခံငါးမွေးတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးဌာနမှူးနှင့် ဧည့်သည်တော်များ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းနှင့် တာဝန်ရှိသူများက ငါးမွေးတောင်သူများအား ငါးသားပေါက်များ အသီးသီး ပေးအပ်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် ငါးမွေးမြူရေး တောင်သူများ က အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယနေ့ပြုလုပ်သော ငါး သားပေါက်များ ဖြန့်ဖြူး ပေးအပ်ခြင်းသည် တောင်ကြီးခရိုင်အတွင်း တတိယအကြိမ် ပြုလုပ်ခြင်းဖြစ် ကြောင်း၊ ညောင်ရွှေ မြို့နယ်အတွင်းရှိ ငါးမွေးမြူရေးတောင်သူ (၂၀)ဦး၏ ငါးမွေးဧက စုစုပေါင်း (၉၃.၉၂)ဧကအတွက် ငါးမြစ်ချင်း သားပေါက် (၇၅၀၁၀)ကောင်၊ ငါးခုံးမသားပေါက် (၇၅၀၁၀) ကောင်၊ ရွှေဝါငါးကြင်းသားပေါက် (၃၇၈၂၀)ကောင် စုစုပေါင်းငါးသားပေါက် ကောင်ရေ (၁၈၇၈၄၀) ကောင်အား ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ