ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် လေလံရောင်းချခြင်း အခမ်းအနားပြုလုပ်

နမ့်ဆန် မတ် ၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် လေလံရောင်းချခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် က ရုံးကုန်းရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော် အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့် အရေး လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံကိစ္စနှင့် ပတ်သက်၍  လေလံရောင်းချ ရေးကြီးကြပ်မှုအဖွဲ့မှ လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့သည်။

ထို့နောက် နမ့်ဆန်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်က လေလံ ရောင်းချခြင်းအတွက် ကြမ်းခင်းဈေးနှင့် လေလံရောင်းချရေး စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့ကာ လေလံဆွဲမည့်သူများက လေလံစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကာ လေလံဆွဲမည့်သူများက လေလံစည်းကမ်းချက်များနှင့် ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ အမှုဆောင်အရာရှိမှ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နမ့်ဆန်မြို့နယ် စည်ပင်သာယာရေးဌာနတို့မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စုစုပေါင်း (၃)ခုအား ဈေးပြိုင် လေလံစနစ်ဖြင့် လေလံရောင်းချခဲ့ရာ စုစုပေါင်းလေလံကြေးငွေကျပ် (၂၉၄.၈)သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်ထံမှ သိရှိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)