“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဟိုပန်  မတ် ၄

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီအချိန်က ဟိုပန်မြို့၊ ရွှေဝါကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုံ စီမံကိန်းဧက (၁၀၀) မြေနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဒေသတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် အဆိုပါ နေရာတွင် စက်မှုဇုံ၊ အအေးခန်း၊ သီးနှံသိုလှောင်ရုံ၊ ဈေးဆိုင်ခန်းများ၊ ဖူဆယ်ကစားကွင်း၊ ကလေးကစားကွင်း၊ Practice ကွင်း၊ ကုန်တင်ယာဉ်ရပ်နားစခန်း ကျေးလက်ဆေးပေးခန်း၊ ဘဏ်လုပ်ငန်းများ၊ လျှပ်စစ်မီးလုပ်ငန်း၊ ဆိုလာလုပ်ငန်းနှင့် အခြားဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ပထမအဆင့်အနေဖြင့် မြေပြုပြင်၊ မြေညှိခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲကာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)