သီပေါ မတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့နံနက် (၉)နာရီက မြို့လယ်ဓမ္မာရုံဆေးထိုးစုရပ်တွင် ကျန်းမာရေးဝန်ထမ်းများမှ ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် သီပေါမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ်ထိုးနှံပေးခြင်း၊ ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသော နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် အကျုံးဝင်သူဦးရေ (၁၀၉၅၁၇)ဦးရှိသည့်အနက် ယမန်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူ(၆၅၀၆၃)ဦး၊ ထိုးနှံရန်ကျန်ရှိသူ လူဦးရေ (၄၄၄၅၄)ဦးနှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပြီးသည့်ရာခိုင်နှုန်း(၅၉.၄၀)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)