ကွမ်းခြံကုန်း မတ် ၄
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲကို ယမန်နေ့ကမြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တာဝန်ခံ ဦးမြတ်သူထိုက် ဦးဆောင်၍တပ်ဖွဲ့ဝင်(၅)ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများအား မီးဘေးလုံခြုံရေးစီမံချက်ပါအတိုင်း မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်နည်းမီးသတ်ပစ္စည်းကရိယာများ လက်တွေ့အသုံးပြုနိုင်ရန်နှင့် မီးငြှိမ်းသတ်နည်းအဆင့်ဆင့်ချပြရှင်း လင်းဆွေးနွေးပြီး မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းဖြင့် မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (IPRD)